Menu Close

အသင်းဝင်လိုသူများနှင့် ပြင်ပအလှူရှင်များသို့ …

Spread the love

အသင်းဝင်ဖောင်ဖြည့်ပြီး အသင်းဝင်လိုသူများနှင့် ပြင်ပအလှူရှင်များ ဖတ်ပေးစေလိုပါသည်။

၁ ။ ကျနော်တို့ MCS Website မှ Membership Form Link ကို Messenger မှနှိပ်၍ဝင်ပါက (အချို့ဖုန်းများတွင်) Photo ရွေးမရဖြစ်တက်ပါတယ်။ ထို့ကြောင့် Membership Form Link ကို copy ကူး၍ ဖုန်းမှ Chrome (Browser) မှာ paste ချပြီး လိုအပ်သည်များဖြည့်၍ send ကိုနှိပ်ပို့ပေးကြပါခင်ဗျာ။ တချို့ ဖုန်းတွေ send ၂ ခါနှိပ်ရသည်ဟုဆိုပါသည်။

အသင်းဝင်ဖောင်
https://mmcybersociety.com/membership-form/
.
၂ ။ အသင်းဝင်ဖောင်အတွက်ပေးပို့သောပုံသည်… အသင်းဝင်ကဒ် (Membership Card) တွင်ပြန်သုံးရမည်ဖြစ်သောကြောင့် မျက်နှာရှင်းလင်းသောပုံဖြစ်ရန်လိုအပ်ပါသည်။
.
၃ ။ ပြောင်ချော်ချော်ပုံများ၊ မဖွယ်မရာပုံများ၊ မျက်နှာတခြမ်းပုံများနှင့် မျက်နှာသေချာမမြင်ရသောပုံများအား အသိအမှတ်ပြုပေးမည် မဟုတ်ပါ။
.
၄ ။ အသင်း၏ Website မှ တရားဝင်ကြေငြာပေးသောသူသာလျှင် အသင်းဝင်အဖြစ် တရားဝင် အသိအမှတ်ပြုမည်ဖြစ်ပါသည်။
.
၅ ။ အသင်းဝင်ကဒ်များအတုလုပ်၍ အလှူခံခြင်းများ မရှိစေရန်နှင့် အသင်းသားများအား ကျနော်တို့ MCS Website တွင် အကောင့်များ ဆောက်ပေးထားပြီး သက်ဆိုင်ရာ အကောင့်၏ Profile ကို QR Code ထုတ်၍ Member Card တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ QR Code ကို Scan ဖတ်လိုက်ပါက MCS အသင်း Website မှ သက်ဆိုင်ရာ အသင်းဝင်၏ Profile အားပုံနှင့်တကွ တွေ့ရမည့်ဖြစ်ပါသည်.။
.
၆ ။ အသင်းဝင်မဟုတ်သော ပြင်ပအလှူရှင်များအတွက်လည်း အသင်း၏ Page နှင့် Website တွင် ဂုဏ်ပြုလွှာပေးအပ်ဂုဏ်ပြုသွားမည်ဖြစ်ပြီး ကျွန်တော်တို့ Page (သို့) Website တွင် မတင်ပေးပါက အလှူ ဖြစ်မြောက်သည်ဟု မယူဆကြပါရန် အထူးမေတ္တာရပ်ခံပါသည်။

အလှူရှင်များ၏ဂုဏ်ပြုမှတ်တမ်းများအားအောက်ပါ Link တွင်ကြည့်ရှု့နိုင်ပါသည်။

https://mmcybersociety.com/category/donation-record/
.
၇ ။ တစ်စုံတစ်ဦးအား အသင်းသားဟုတ်မဟုတ် သံသယရှိပါက အသင်း Website မှ အသင်းဝင်စာရင်းအား လာရောက်စစ်ဆေးနိုင်ပါသည်။ မိမိအလှူ အသင်းသို့ရောက်မရောက်အားလည်း ယခု Facebook Page နှင့် Website မှ ဂုဏ်ပြုလက်မှတ်တို့ဖြင့် စစ်ဆေးနိုင်ပါသည်။ ထို့အပြင် အသင်းဖုန်းများကို တိုက်ရိုက်ဆက်သွယ်မေးမြန်နိုင်ပါသည်။

MCS အသင်းဝင်များစာရင်းကိုအောက်ပါ Link တွင် ကြည့်နိုင်ပါတယ်။
https://mmcybersociety.com/our-members/
.
၈ ။ အသင်း၏ Image ကိုထိခိုက်စေသော မည်သည့် အသင်းဝင်ကိုမဆို အသင်းတာဝန်ရှိသူများ၏ဆုံးဖြတ်ချက်အရ ပြန်လည်ထုတ်ပယ်သွားမည်ဖြစ်ပါသည်။
.

မှတ်ချက် ။ ။ လူငယ်တွေလုပ်တဲ့ ပရဟိတဆိုပေမယ့် အုပ်မြစ်ကောင်းချခဲ့နိုင်ဖို့ လိုအပ်တာလေးတွေအတွက် အသိပေးတာပါခင်ဗျာ။
အခါအားလျော်စွာ ချမှတ်သော စည်းမျဉ်းတွေအတွက် နားလည်ပေးကြစေလိုပါတယ်ခင်ဗျာ….။
.

Myanmar Cyber Society (MCS)
လူငယ်များဘဝတိုးတက်ရေး ကူညီမှု ပရဟိတအသင်း
09 965525512


Spread the love

Leave a Reply

Your email address will not be published. Required fields are marked *