Menu Close

Network Engineering သင်တန်းများအတွက် သင်တန်းသားများရွေးချယ်ပြီးကြောင်း

Spread the love

MCS ပရဟိတ အသင်းမှ လူငယ်များအတွက် ပထမအကြိမ်ပညာဒါန အလှူအဖြစ်ေ အာက်ပါလူငယ် ၆ ဦးကို Network Engineering သင်တန်းများ ထားပေးပြီး Network Engineer အဖြစ်ဘဝကို ရပ်တည်နိုင်အောင် ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်..။
အသင်းမှ ထောက်ပံ့ပေးမည့်သင်တန်းများမှာ –

  • Computer Basic & i-Office
  • Computer Hardware Engineering
  • Computer Network Engineering
  • CCNA ( Cisco Certified Network Association )
  • English Language

.
အောက်ပါ လူငယ် ၆ ဦးအား အသင်းမှ တာဝန်ရှိသူများ အသင်း၏ရည်ရွယ်ချက်များအတိုင်း အဆင့်ဆင့် ရွေးချယ်စီစစ်ထားပြီး အမှန်တကယ် ပညာလိုလားသူများဟု ယူဆကာ အသင်းဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ထားသော လူငယ်များဖြစ်ပါသည်။ အဆိုပါလူငယ်များ၏ မိသားစုများထံမှလည်း ခွင့်ပြုချက်ရယူကာ သင်တန်းများ ထားရှိပေးခြင်းဖြစ်ပါသည်။

အဆိုပါလူငယ်များ သင်တန်းတက်နေသည့်ကာလ အတွင်း
ကျတော်များ MCS ပရဟိတအသင်းမှ သင်တန်းအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး အဆိုပါလူငယ်များမှလည်း သင်တန်းစည်းကမ်း၊ အသင်းစည်းကမ်းများကို လိုက်နာမည်ဟု ကတိပြု ပြီးဖြစ်ပါသည်။

အဆိုပါ လူငယ်များ သင်တန်းတက်နေစဉ်ကာလအတွင်း အဆိုပါဘာသာရပ်ကျွမ်းကျင်သူ အသင်းဝင်များမှ “ကျောင်းသားရေးရာ” Department ဖွဲ့စည်းကာ.. စာစစ်ခြင်း၊ Assignment များရေးတင်စေခြင်း၊ လိုအပ်သော Lab များပြုလုပ်နိုင်ရန်ကူညီဆောင်ရွက်ပေးခြင်း၊ ဖိုက်ဘာအင်တာနက်လိုင်းများထောက်ပံ့ပေးခြင်းများကို အသင်းရုံးချုပ်မှ ထောက်ပံ့ပေးထားပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ကျနော်တို့ အသင်းသားများ တစ်လ ၂၀၀၀ ကျပ် အလှူငွေလေးများဖြင့် စတင်နိုင်ခဲ့သော ပညာဒါနလေးအား
ဝိုင်းဝန်းကူညီပေးကြသော အသင်းဝင်များအားလုံးနှင့် ပြင်ပမှ အလှူရှင်များအား အထူးကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဥက္ကဋ္ဌ
MCS လူငယ်များဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတ အသင်း
Myanmar Cyber Society
Hotline : 09 4500 41 507 , 09 965525512


Spread the love

Leave a Reply

Your email address will not be published. Required fields are marked *