Menu Close
MCS မှ သင်တန်းသားများ ထပ်မံခေါ်ယူခြင်း (၃.၃.၂၀၂၀)
Spread the love
Unicode
( အခမဲ့ ) တက်ရောက်နိုင်မည့် Computer Network & System Engineering သင်တန်းသားများခေါ်ယူခြင်း။
သင်ဟာ နည်းပညာကို ချစ်မြတ်နိုးပြီး တပြားမှ မကုန်ဘဲ နည်းပညာလောကထဲကို ခြေချနိုင်ဖို့ ကကွန်ပျူတာ ပညာရပ်တွေကို သင်ကြားရချင်တယ်ဆို ဒီ Post ကို ဆုံးအောင်ဖတ်ပါ။ (အခွင့်အရေး မို့ပါ)
.
မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး လူငယ်များဘ၀ တိုးတက်ရေးကို ရှေးရှုလျှက် ကျနော်တို့ MCS ပရဟိတအသင်း၏ လှူဒါန်းနေကြဖြစ်သော ပညာဒါန အလှူ အကြောင်းလေး မိတ်ဆက်ပေးပါရစေ။
ကွန်ပျူတာကို အခြေခံမှ ဘဝရပ်တည်မှုတစ်ခုအတွက် Career တစ်ခုပေါ်သို့ရောက်သည်အထိ
သင်ကြားပေးလျှက်ရှိသော သင်တန်းများထဲမှ ယခုအခါ သင်တန်းခေါ်ယူသွားမှာကတော့ Computer Network & System Engineering သင်တန်းပါ။
ဘာတွေသင်မှာလဲ?
Course Outline ကတော့
# Computer For Business
# Computer Hardware Engineering Course
# Computer Network Engineering Course
# Windows Server Administration
# Linux Networking & Server Administration Course
# Introduction to Cloud (AWS)
ဒီသင်တန်းတက်ပြီးရင် ဘာတွေ တက်မြောက်မှာလဲ ?
# ကွန်ပျူတာ တစ်လုံးရဲ့ အလုပ်လုပ်ပုံတွေကို အခြေခံကစ နားလည် သွားမယ်..
နက်ဝက်ချိတ်ဆက်ခြင်းဆိုင်ရာ ပညာရပ်တွေကို အခြေခံ Theory ကနေ စသင်ရမှာ ဖြစ်ပြီး
ဆာဗာများ တည်ဆောက်ခြင်း Configuration ပိုင်းများ Maintain လုပ်ခြင်းများကို
စနစ်တကျ လေ့လာရမှာ ဖြစ်ပါတယ်../ နောက်ဆုံး Cloud နည်းပညာပိုင်းများကိုပါ နားလည် သဘောပေါက်မှာ ဖြစ်ပြီး Cloud Server များကိုပါ တည်ဆောက်နိုင်အောင် သင်ကြားရမှာ ဖြစ်ပါတယ်../ (ကိုယ်တိုင် လိုက်လုပ်ဖို့ အရမ်း အရေးကြီးပါတယ်..)
ဒီသင်တန်းတက်ဖို့ ဘာတွေလိုလဲ ?
# မိမိဘဝအတွက် ကြိုးစားချင်စိတ်နဲ့ နည်းပညာကိုဝါသနာပါဖို့ပဲ လိုပါတယ်။
အခက်အခဲလို့ သင်ယူဆထားတာတွေကို ကျနော်တို့ အသင်းက ကူညီဖြေရှင်းပေးသွားမှာပါ။ (ဥပမာ- သင်တန်းကြေး (အခမဲ့) ဖြစ်စေရန်၊ ကွန်ပျူတာ မရှိပါက လေ့ကျင့်ရန်ကွန်ပျူတာတွေ စီစဉ်ပေးမှာပါ ၊ နောက်ဆုံး စာရွက်စာတမ်းကအစ ကျွန်တော်တို့ စီစဉ်ပေးသွားမှာပါ.။။ )
.
ပညာအရည်အချင်းလိုလား၊?
# အနည်းဆုံး ဆယ်တန်းအဆင့်တော့ ရှိရပါမယ်ခင်ဗျာ။
.
ဘယ်လိုလူငယ်တွေကို အဓိက ရွေးချယ်မှာလဲ ?
# မိဘမဲ့ လူငယ်တွေကို အဓိက ရွေးချယ်သွားမှာပါခင်ဗျာ..။
# ဒုတိယကတော့ မိဘရှိသော်ငြားလည်းပဲ သင်တန်းကြေးတွေ မတက်နိုင်လို့ မတက်ရတဲ့ လူငယ်တွေ ကိုရွေးချယ်သွားမှာပါခင်ဗျာ။
ဘယ်လိုလူငယ်တွေကို မရွေးဘူးလဲ?
# အပြင်သင်တန်းကြေးပေးတက်နိုင်တဲ့ အခြေအနေရှိရင် မရွေးပါဘူး…/
# တစ်ယောက်ယောက်က ထောက်ပံ့ထားပေးနိုင်တယ်ဆိုလည်း မရွေးပါဘူး…/
# ကိုယ့်ရည်မှန်းချက်ကို သေချာ ဆုံးဖြတ်ချက် မချနိုင် မရွေးချယ်နိုင်ရင် မရွေးပါဘူး../
(နည်းပညာကို စိတ်ဝင်စားတယ်.. ဘယ်လမ်းကြောင်းလျှောက်ရမှန်း မသိရင် အသင်းမှာ လာရောက်ဆွေးနွေးနိုင်ပါတယ် (အခမဲ့ပါ)
# သင်တန်းကာလ ပြီးအောင် မတက်ဘဲ အခမဲ့မို့ လာယောင် ရင်လည်း မရွေးပါဘူး/
# နည်းပညာရပ်တွေကို အကယ် ဝါသနာ မပါဘဲ လူများယောင်လို့ လိုက်ယောင်တာလည်း လက်မခံပါဘူး…/
# ကျနော်တို့ အသင်းက သင်ပေးလိုက်တဲ့ ပညာရပ်တွေရဲ့ သင်တန်းကြေးတွေကို အပြင်မှာ နည်းနည်း စုံစမ်းကြည့်ပြီး ဒီပညာရပ်တွေက ဘ၀အတွက် ဘယ်လောက်အတိုင်းအတာ အထိ အသုံးဝင်တယ်ဆိုတာ အရင်လေ့လာထားပေးပါ… ကျနော်တို့ အခမဲ့ သင်ပေးမှာ ဖြစ်ပေမယ့် ပညာရပ်ကို ဘဝအတွက် ပြန် အသုံးမချတဲ့ သူတွေဆို မရွေးပါဘူးခင်ဗျာ../
**** ကျနော်တို့ MCS အသင်းသားတွေ (လူနည်းစုလေးပါ) တစ်လ ၃ ထောင်စုပြီး ယခုလို မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါး လူငယ်တွေကို နည်းပညာရှင်များ ဖြစ်အောင် ပျိုးထောင်ရတာမို့ အချို့ အရာတွေကို နားလည်ပေးစေချင်ပါတယ်…/ ***
.
အသက်အပိုင်းအခြား ကန့်သတ်လား ၊?
# ဟုတ်ကဲ့ ကန့်သတ်ထားပါတယ်။ ကျနော်တို့ အသင်းက လူငယ်များဘဝတိုးတက်ရေးကို ရှေးရှုထားလို့ အသက် (၃၀) ကျော်ရင် လက်မခံတော့ပါဘူး။
.
ဘယ်လို သင်တန်းလျှောက်ရမလဲ..။
# အသင်းရဲ့ Page CB ကနေ လျှောက်လွှာများ လာရောက်တောင်းယူနိုင်ပြီး ဖောင်ကို Print ထုတ်ပြီး ဖြည့် / ဖောင်ဖြည့်ပြီးရင် ဖြည့်ထားတဲ့ ဖောင်ကို Scan ဖတ်ပြီး CB မှာ ပြန်ပို့ပေးရမှာပါ,,,../
### သေချာလေး ထပ်သိချင်သေးရင် အသင်းဖုန်းကို ဆက်ပြီး ဆက်သွယ် လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။
.
အသင်းလိပ်စာကတော့ ..
အမှတ် ၂၁၊ သန္တာ (၇) လမ်း၊ (င) ရပ်ကွက်၊ မြောက်ဥက္ကလာပါ။
ဖုန်း – ၀၉ ၄၅၀၀၄၁၅၀၇ / ၀၉ ၉၆၅၅၂၅၅၁၂
Zaw Gyi
.
ဘာတွေသင်မှာလဲ?
Course Outline ကတော့
# Computer For Business
.
ပညာအရည်အချင်းလိုလား၊?
.
.
.
.
အသင်းလိပ်စာကတော့ ..
Note..
မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးလူငယ်လေးများ …
ဒီ Post ကို ဖတ်မိရင် … သူတို့ အနာဂါတ်လေးတွေ ပြောင်းလဲ သွားနိုင်လို့
ကူ ရှဲပေးစေချင်ပါတယ်ဗျ../
Spread the love
Leave a Reply
Your email address will not be published. Required fields are marked *