Menu Close

About Us

Spread the love

အသင်းအမည်

Myanmar Cyber Society (MCS)
“လူငယ်များဘ၀ တိုးတက်ရေး ကူညီမှုပရဟိတအသင်း”

အသင်းဖြစ်ပေါ်လာပုံအကျဉ်း

အသင်းတည်ထောင်သူများမှာ နည်းပညာရှင်များဖြစ်သည့်အလျောက်
နိုင်ငံတကာနှင့် ရင်ဘောင်တန်းသောနည်းပညာသင်တန်းများမှာ သင်တန်းကြေးမြင့်မားခြင်း၊ Exam ကြေးမြင့်မားခြင်းတို့ကြောင့် အချို့သော ဆင်းရဲနွမ်းပါးသော လူငယ်များအနေဖြင့် လက်လှမ်းမမှီသလိုဖြစ်နေခြင်းကို စေသနာစိတ်ဖြင့် ကိုယ်လက်လှမ်းမှီသလောက်ကူညီနေကြရာမှ
အသင်းအဖွဲ့နှင့်လုပ်လျှင်ပိုထိရောက်မည်ဟု ဆင်ခြင်ကာ အသင်းလေးဖြစ်တည်ခဲ့တာပါ။
နည်းပညာသင်တန်းများအပြင် ယခုခေတ်အနေထားအရ Career လမ်းကြောင်းတစ်ခုပေါ်သို့ အောက်ခြေက လူငယ်တစ်ယောက် Professional အဖြစ်ဖြတ်သန်းနိုင်ခွင့်ကို သာဦးတည်သွားမည်ဖြစ်ပြီး မည်သည့် နိုင်ငံရေး၊ ဘာသာရေး၊ အစွဲမှ မထားသည့် ပရဟိတစိတ်သန့်သန့်ဖြင့်
ဘဝဆုံးကြမည့်သူများ ဦးဆောင်ထားပါတယ်။ နောက်နောင်လည်း မိမိဘဝတိုးတက်အောင်ကြိုးစားရင်း၊ တဖက်က ပရဟိတစိတ်လေးကို မျှတအောင်ထားရင်းနိုင်ငံအနာဂါတ်အတွက် ကူညီသွားကြမည်ဖြစ်ပါသည်။

အသင်းစတင်တည်ထောင်သည့်နေ့

၁၅.၃.၂၀၁၉ နေ့တွင် စတင်တည်ထောင်သည် ။

အသင်း၏ရည်ရွယ်ချက်

” မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးလူငယ်များဝါသနာအပေါ်အခြေခံပြီး အတက်ပညာတစ်ခုခုကို
Professional အဖြစ်ရပ်တည်နိုင်သည်အထိလေ့လာနိုင်ရန် ကူညီပေးနိုင်ရေးပါ။”
အရိုးရှင်းဆုံးရည်ရွယ်ချက်ကတော့ …
Computer Network Engineer တစ်ယောက်ဖြစ်ချင်တဲ့ လူငယ်တစ်ယောက်ကို အခြေခံကနေ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရတဲ့အထိ သင်တန်းတွေထားပေးနိုင်အောင်ကြိုးစားသွားမှာပါ။
မိတ်ကပ်ပညာရှင်ဖြစ်ချင်လည်း ဒီလိုပါပဲ။
စာရင်းကိုဖြစ်ချင်လည်း ထားပေးနိုင်အောင်ကြိုးစားသွားကြမှာပါ။
ဂီတပညာရှင်ဖြစ်ချင်လည်း ရအောင် ပျိုးထောင်သွားမှာပါ။
ကျနော်တို့နိုင်သလောက် လူရွေး လုပ်ပေးရင်း မန်ဘာများခြင်း၊ အလှူရှင်ပေါများခြင်းအပေါ်မူတည်ပြီး များများ ပျိုးထောင်သွားမှာပါ။ နည်းလည်း ကိုယ်နိုင်သလောက်ဖြင့် လုပ်သွားမှာပါ။

အသင်း၏ ဆောင်ပုဒ်

” ငါတို့မှာ ၁၀၀နှင့်လုံလောက်ရင် ၁၀၁ဟာ မရှိတဲ့သူတွေအတွက်ပေါ့။ ”

အသင်း၏ ခံယူချက် ( သဘောထား )

“ပရဟိတသည် အတ္တဟိတမဖြစ်စေရ။”

အသင်းတည်နေရာ ( ဆက်သွယ်ရန် )

အသင်းရုံး။ ။ အမှတ်- ၆၈၄၊ (က)ရပ်ကွက်၊ နွယ်သာကီ(၁)လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း။ ။ ၀၉ ၉၆၅၅၂၅၅၁၂၊ ၀၉ ၉၆၅၅၂၅၅၀၃၊ ၀၉ ၇၉၂၂၇၀၈၁၀။
Website : https://mmcybersociety.com/
E-Mail: [email protected]
အောက်က link အသင်းဝင်ဖောင်ဖြည့်ပြီး ရာသက်ပန်အသင်းသားအဖြစ်
အသင်းဝင်နိုင်ပါပြီခင်ဗျာ..။ မန်ဘာကြေးရယ်လိုမဟုတ်ဘဲ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးခလေးတွေသင်တန်းများထားပေးနိုင်ဖို့ တစ်လ ၂ ထောင်ကျပ်တော့ အလှူခံပါတယ်ခင်ဗျာ.။

Membership Form


အသင်းဝင်ဖောင်မဖြည့်ခင် အောက်က Post လေးဖတ်စေချင်ပါတယ်ခင်ဗျာ..

အသင်းဝင်ဖို့ ဘာတွေလိုအပ်ပါလဲ?======================အသင်းသားဖြစ်ဖို့က တဘ၀လုံး ဒီအသင်းလေးနဲ့ လက်တွဲပြီး တစ်လ ၂ ထောင်…

Posted by MCS – Myanmar Cyber Society on Wednesday, 20 March 2019


Spread the love