Menu Close

Scholarship Application Form

Spread the love

To apply Scholarship, please follow the steps below.

သင်တန်းတက်ခွင့်လျှောက်လွှာတင်သော လူငယ်များသိစေရန် -
# မိဘမဲ့နှင့်ဆင်းရဲနွမ်းပါးလူငယ်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။
# မိဘရှိသော်လည်း အကြောင်းကြောင်းကြောင့် သင်တန်းကြေးများ မတတ်နိုင်သော လူငယ်များကိုလည်း ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။
# အောက်ပါဖောင်မှ အချက်အလတ်များအားလုံးကို မဖြစ်မနေ ဖြည့်ပေးရပါမည်။
# ထောက်ခံပေးသူ တစ်ဦးရှိရမည်ဖြစ်ပြီး ဖောင်တွင် လက်မှတ်ထိုးပေးရမည်ဖြစ်ပါသည်။
# အသက် (၂၅) နှစ်ကျော်လျှင် ဖောင်အား လက်ခံမည်မဟုတ်ပါ။
# လျှောက်လွှာပေါ်မူတည်ပြီး လူတွေ့ ၂ ကြိမ်စစ်ဆေးပြီးမှ အမှန်တကယ် ပညာလိုလားပြီး ကြိုးစားလိုသော လူငယ်ကိုသာ ရွေးချယ် သွားမှာဖြစ်ပါတယ်။
# အသင်းမှ ထောက်ပံ့ပေးသောသင်တန်းများမှာ အလှူရှင်များနှင့် အသင်းဝင်များ၏ အလှူငွေများဖြင့် တက်ရောက်ရမည်ဖြစ်သောကြောင့် အမှန်တကယ်လိုအပ်နေမှုနှင့် လိုလားသူကိုသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။
# အငြင်းပွားစရာကိစ္စများ ဖြစ်ပေါ်လာပါက အသင်းမှသော်လည်းကောင်း၊ အသင်း၏ခေါင်းဆောင် မှသော်လည်းကောင်း၊ အသင်း၏ ခေါင်းဆောင်မှ တာဝန်ပေးထားသော သူ တစ်ဦးဦးမှသော်လည်းကောင်း ကျိုးကြောင်းဆီလျော်မှုရှိသော ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
Step 1. Download Form
အောက်ပါ ခလုတ်ကို နှိပ်၍ သင်တန်းတက်ခွင့် Form ကို ရယူပါ။
Step 2. Fill the Form
Form ထဲတွင်ပါဝင်သော မေးခွန်းများအားလုံးကို ဂရုတစိုက် ရေးသားဖြေဆိုပါ။ သတ်မှတ်ထားသောနေရာများတွင်လည်း လက်မှတ်များရေးထိုးပါ။ ထို့နောက် ဖြည့်စွက်ပြီးသော Form ၏ မတူညီသောစာမျက်နှာများတစ်ခုစီကို Scan စွဲခြင်း သို့မဟုတ် ဓါတ်ပုံရိုက်ပါ။
Step 3. Send to us
Scan ပြုလုပ်ထားသော (သို့) ဓါတ်ပုံရိုက်ယူထားသော Form စာမျက်နှာ ၃ ခုအား အောက်ပါ Form တွင် Attach တွဲကာ ပေးပို့ပါ။





Spread the love